Restaurant
Myanmar Cuisine & International Food
A quite retreat in more than 100 years old colonial and historical Villa off the U Wizara Road.


House of Memories 2013

House of Memories (100 years ago)

အေးချမ်းသာယာဆိတ်ငြိမ်သော ကိုလိုနီခေတ် သမိုင်းဝင်နေရာ အမှတ် ၂၉၀ ၊ ဦးဝိစာရလမ်းရှိ House Of Memories တွင် မြန်မာ့ရိုးရာ အစားအစာ များနှင့် နိုင်ငံတကာ အစားအစာများဖြင့် လူကြီးမင်းအား နွေးထွေးပျူငှာလှိုက်လှဲစွာ ကြိုဆိုပါသည်။ ဤနေရာသည် ယခင် ကိုလိုနီခေတ်တွင် Mr.Dina Nath(ဝဏ္ဏကျော်ထင်) Chairman of the Indian Independence Army for Burma နှင့် Mrs.Caroline Nath(ဒေါ်ခင်သိန်းသိန်း) တို့၏ ခြံဖြစ်ပြီး ယခုအခါတွင် သမိုင်းဝင် အမှတ်တရ အိမ်ဝင်းအဖြစ် ခံစား သိရှိနိုင်ရန် House Of Memories ဟုခေါ်တွင်ကာ Restaurant အဖြစ်သို့ ပြုပြင်မွမ်းမံ ပြောင်းလဲဖွင့်လှစ်လိုက်သည်။

ဤအိမ်တော် ပိုင်ရှင်သည် BIA(Burmese Independence Army) အား ကိုလိုနီခေတ်ကာလတွင် ဤအိမ်တော် ခြံဝင်းအား ရုံးချုပ် အဖြစ် အသုံးပြုရန် ခွင့်ပေးခဲ့သောကြောင့် သမိုင်းဝင် အမျိုးသား အမွေအနှစ်အဖြစ် တည်ရှိနေဆဲဖြစ်သည်။ လွတ်လပ်ရေးဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်းဆန်းသည်လည်း ဤအိမ်တော် အပေါ်ထပ်တွင် ရုံးခန်းအဖြစ် အသုံးပြုခဲ့ပြီး ဗိုလ်ချုပ်၏ ရုံးသုံး ပရိဘောဂများအား ယခုချိန်ထိ သမိုင်းဝင် အမှတ်တရအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ဤအိမ်တော်သည် ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ မြန်မာ့ခေါင်းဆာင်၊ အိန္ဒိယခေါင်းဆောင်များသည် နှစ်ဖက်စလုံးအတွက် ကိုယ်ထူကိုယ်ထ စနစ်ကို ဖွဲ့စည်းခဲ့ကြပြီး အရေးကြီးသော လျှိူဝှက်တွေ့ဆုံခြင်းများကို ပြေလည်မှုရရှိအောင် Mr.Dina Nath မှ စေ့စပ်ဆောင်ရွက်ပေးခဲ့သော နေရာလည်းဖြစ်သည်။ တစ်ခုသော အရေးပါသည့် အိန္ဒိယ အမျိုးသား ခေါင်းဆောင်များ၏ လှုပ်ရှားမှုမှ Netaji Subhas Chandra Bose သည် ရန်ကုန်သို့ ရောက်လာခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား တွေ့ဆုံကာ အရေးကြီးသော မဟာဗျူဟာများ၊ နှစ်နိုင်ငံလုံးအတွက် လွပ်လပ်ရေးရယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ရန် ဤအိမ်တော်အတွင်း မည်သူမှမသိပဲ ပုံးအောင်းနေခဲ့သည်။

ဤအိမ်တော်ပိုင်ရှင် Mr. Dina Nath သည် ၁၉၄၇ တွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် British in Red Fort တွင် တစ်နှစ် ထောင်ကျခဲ့သည်။ Mr. Dina Nath သည် အင်းစိန် တိုက်ပွဲဟုသိကြသော ကရင် နှင့် ဗမာ့တပ်မတော် အကြား အောင်မြင်စွာ ညှိနှိုင်းဆောင်ရွက်ပေးခြင်းကြောင့် ဝဏ္ဏကျော်ထင် အမျိုးသားဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ Prime Minister Rajiv Gandhi of India ၏ ချီးမြှင့်သော အမျိုးသား အဆင့်မြင့်ဘွဲ့ကိုလည်း ရရှိခဲ့သည်။ ဤ House Of Memories တွင် အခြားအခြားသော သမိုင်းဝင် အဖြစ်အပျက်များ နှင့် သမိုင်းဝင် ဓါတ်ပုံများကိုလည်း ပြသထားရှိထားပါသည်။ လူကြီးမင်းများ လာရောက် အပန်းဖြေ သုံးဆောင်ရင်း သမိုင်းဝင် အကြောင်းများအား ပိုမိုသိရှိနိုင်မည် ဖြစ်ပါသည်။


Historic Photos